ပန်ကြားချက်

Mai Soong Kha, Pi Naung Tai


Tai Artist Blogs သို့ အလည်ရောက်ရှိလာသော မိတ်ဆွေ သူငယ်ချင်းအားလုံး မင်္ဂလာပါ... နေရာဒေသ အသီးသီးမှာရှိနေကြတဲ့ ရှမ်းမိသားစုများအား မိမိတို့ရဲ့ ရှမ်းသီချင်းများကို အလွယ်တကူနားဆင် နိုင်အောင် ဖန်တီးထားခြင်း ဖြစ်ပါတယ်... ကွန်ပျူတာ ပညာရှင်များ မဟုတ်သည့်အတွက် လိုအပ်ချက်များ၊ အားနည်းချက်များ ရှိနေပါဦးမည် ဖြစ်ပါတယ်... ထို့ကြောင့် လိုအပ်ချက်၊ အားနည်းချက်များကို ညွှန်လမ်းမှုများများ၊ ဝေဖန်အကြံပြုမှုများကို Guest Book တွင်လည်းကောင်း၊ reception.shanartist@gmail.com သို့လည်းကောင်း ရေးသားပေးပို့ ကြပါရန်မေတ္တာရပ်ခံ အပ်ပါသည်။ ကျွန်တော်တို့လည်း အကောင်းဆုံးဖြစ်အောင် ဆက်လက်ဖန်တီး တင်ဆက်သွားမှာဖြစ်ပါတယ်...

ပီ;ခွေင့်တ'းရှဝ်း ခိုခေ့်ယွ်,မွ်,သုင်သေဂမ်းခု;

Friday, November 28, 2008

2103 TAI New Year, Muse

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ လူငယ်ဘောလုံးကွင်းမှာ ကျင်းပတဲ့ ၂၁၀၃ ခုနှစ် ရှမ်းရိုးရာနှစ်သစ်ကူး ပွဲခင်းညမြင်ကွင်းပုံရိပ်များ.....


ဆက်ဖတ်ရန်......

Friday, September 26, 2008

အဆိုတော် စိုင်းဆိုင်လျန်း(ခမေ်.ငေိတ်.ငေူး) နှင့် တွေ့ဆုံခြင်း

(ပီ)စိုင်းဆိုင်လျန်းဆိုတာ နာမယ် အရင်းလား?
ဟုတ်ကဲ့-- စိုင်းဆိုင်လျန်းဆိုတာ ကျွန်တော့်ရဲ့နာမယ်အရင်းပါ။
အနုပညာလောကထဲကို ဘယ်တုန်းက စ၀င်ခဲ့တာလဲ?
၁၉၉၄ ခုနှစ်လောက်ကပါ။
(ပီ)စိုင်းဆိုင်လျန်းရဲ့ လက်ဦးဆရာတွေကို ပြောရမယ်ဆိုရင်-----?
အင်း--များတယ်ဗျာ--။ ကြားဆရာတွေကတော့ (ပီ)စိုင်းဆိုင်မောဝ်နဲ့ (ပီ)စိုင်းလောဝ်ပိန်း ပေါ့ဗျာ သင်ဆရာတွေကတော့ Note သင်ပေးတာ စိုင်းမူး ---အရေးအသားစာသားတွေကတော့ သ ခ ရှ ဆီမှာ လေ့လာတယ်-- ဆရာ စိုင်းခမ်းလိတ်ရဲ့ စာသားတွေကိုလဲ သံစဉ်မပါဘဲ ခဏခဏဖတ်တယ်--။ ဒါက လက်ဦးဆရာတွေပေါ့ဗျာ။
ထွက်ပြီးတဲ့ စီးရီးခွေပေါင်းက---?
(၇)ခွေ ရှိပါပြီ။

(ပီ)ဆိုင်လျန်းရဲ့ ဟတ်မိုင်ကမ်(ရှဂ်.မိုခ်ေဂခေ်) ဆိုတဲ့သီချင်းလေးကို ပရိတ်သတ် တော်တော်များက ကြိုက်ကြတယ်လေ။ အဲဒီသီချင်းကို ဘယ်လိုခံစားချက်နဲ့ ဖန်တီးခဲ့တာလဲ--သိပါရစေ?
ကြိုက်တယ်ဆိုတော့ ပီတိဖြစ်တာပေါ့ဗျာ--။ အင်း--အဲဒီသီချင်းရေးဖြစ်ပုံကတော့ ဒါရိုက်တာ (ပီ)စိုင်းလှ (လျန်းဆိုင်ဖ)က ရှမ်း ဒီဗွီဒီ ဇာတ်ကားရိုက်နေရင်း ဇာတ်ဝင်သီချင်းလိုတယ်လို့ ကျွန်တော့်ကို ဖုန်းဆက်လာတယ်--။ အကြောင်းအရာတွေ သူဖြစ်စေချင်တဲ့ သီချင်း Style နဲ့စာသားလေးတစ်မျိုး တစ်ဝက်ပေးလာတယ်။ အဲဒီဇာတ်လမ်းက လူနဲ့ ဘီလူမဆိုတော့ လူအတွက်က ဒီခေတ်ပေါ်သီချင်းနဲ့ တစ်ဝက် ဘီလူးမအတွက်က ရှမ်းခေဟောင်းတေးနဲ့ မှလိုက်မယ်လို့ (ပီ)စိုင်းလှ (လျန်းဆိုင်ဖ)က ထပ်ပြောတာတော့ အဲဒါတွေအားလုံး ခြုံငုံပြီး ဒီ ဟတ်မိုင်ကမ်(ရှဂ်.မိုခ်ေဂခေ်) သီချင်းလေး ရေးဖြစ်သွားတာပါ။ မှတ်မှတ်ရရ အဲဒီသီချင်း ကို (၂၇.၀၆.၂၀၀၆)မှာ ရက်နေ့မှာရေးပါတယ်။
ရှေ့ဆက်ပြီး အနုပညာနဲ့ ပတ်သက်လို့ ဘာထပ်လုပ်ဖို့ရှိလဲ?
ရှေ့ဆက်ပြီး အနုပညာတွေပဲ လုပ်မှာပါပဲ--။ အရေးနဲ့အဆိုပေါ့ဗျာ။ အခု “တ၊င်းငေိတ်းက'၊;င်္လင်း” ဗွီစီဒီလုပ်နေပါတယ်။
(ပီ)စိုင်းဆိုင်လျန်းရဲ့ ၀ါသနာကို ပြောပါဆိုရင် -----?
သီချင်းရေး/ဆို အပြင် ကာတွန်းလဲဆွဲပါတယ်။ သီချင်းနားထောင်တယ်။ တီဗွီကြည့်တယ်၊ စာဖတ်တယ်၊ ဒီလောက်ပါပဲ။
(ပီ)စိုင်းဆိုင်လျန်းရဲ့ ပရိတ်သတ်ကို စကားပါးလိုက်ပါဦး?
ပရိသတ်ကို ကျေးဇူးတင်ပါတယ်။ Globalization ကျေးဇူးကြောင့် ကျွန်တော့် တစ်တွေနီးနေကြရတယ်။ ကျွန်တော်တို့ ဖန်တီးသူတွေဆိုတာ “ငါး”ကလေးတွေဖြစ်ပြီး ပရိတ်သတ်ကို “ရေ”ပါ၊ ဒါကြောင့် လက်ခုပ်သံ ရေယာဉ်ကြောမှာ မျောပါခွင့်လေးပေးပါ။ ပရိတ်သတ်အားလုံးကို တစ်နေ့(၂)ကြိမ် မေတ္တာပို့ပါတယ်လို့--- စိတ်တိုင်းကျမှုများစွာ ပရိတ်သတ်အားလုံးအတွက်ဖြစ်ပါစေ။
(ပီ)စိုင်းဆိုင်လျန်းရဲ့လိပ်စာက---?
ထ/၁၂၊ တမာလမ်း၊ ရပ်ကွက်ကြီး(၈)၊ ပြင်ဦးလွင်မြို့။ ဖုန်း-၀၉-၅၁၆၇၂၆၆ ဖြစ်ပါတယ်။




ဆက်ဖတ်ရန်......

Friday, September 5, 2008

Grandpa Sword .... င်္လဝ်းပူ,မွခေ်,


⅄ₑⅅₒ⑜⁙ₕₙ⅁ₘⅎₒₙ ⍏ ⍏ ⍏ ⅉₓℾ⅁ₒ⑜⅍⍚⑜ ⅇⅎₒ⅐⍛℻ⅆⅅₒ⑜⅐ⅅₒ ⅄⍚℻⅒ₓₒ⅌ₘ⅁ₒₙ⅂ₕₙ ⅉₕ℻ⅅⅎₒ⑜ⅎⅎₒℼ⅐⍛℻ℿⅇ⍛℻⍏ ⅐ₑⅎₒ⑜ℿ⅍⍛ₙ ⅍ₘⅎₒℼ⅌ₔ⌫⅑ₒ⁙ⅎₒ ⁙⍌℻ⅎₘ⅑ℼₒℹₕⅆⅉₒℼⅉₓℾ⅁ₒ⑜⅍ℾ⍚⑜ₐ⅄℻ ⅍⍚⑜ℿⅉ⍛℻ⅇⅎₒ ⅁⍛⑜ₐⅅℼₐ⅄ₙ⅍⍌℻ ⁙⅄ₘⅉₒℼ Tai Artist ⅆⅅₒ⑜⅐⍛℻ℿⅇ⍛℻⍏ ⍟⅑ℼₒ⅁ₕ⌫ⅅₒ℻ ⁙ₘ⍚⑜⁙⍌ⅉₘⅎₒ⑜⅐⅁ₒ⑜ ⁙⅃⌫⅂⅍ₒℼ⅍⌫ ⅊⅍ₒℼ⅌⅁ₒₙ⅁⁙⍛ₙ⅄ ⅉₑⅎₒₙ⅒ⅅₒ℻⅒ₔ⌫⅑ₒ℻⅍⍚⑜ ⅅ⍊⅑ₒ⑜⁙ℾ⅑ₒ⅄ₕ⅑ₒ ⍏ ℿ⅁⍛⍟⅑ₒℼⅉₓℾ⅁ₒ⑜⁙⍊ⅎₒ ⅒ℾ⍚⑜⅌ₑⅎₒℼ⅄ₑⅅₒ⑜ ⍏ ℿ⅁⍛⅍ₑ⅁ₒℼⅉₓℾ⅁ₒ⑜⁙⍊ⅎₒ ⅒ℾ⍚⑜⅄ₘⅎₒℼ ₐ⅄℻ ⅒ℾ⍚⑜⅊ℾ⅁ₒ ℿ⅊⅁ₕₙ⅒ₔ⅁ₒ⑜ ⅄ₑ⅑ₒ⑜⅁ₓₒₙ⅊ₔ⅑ₒ ⅊⅁ₒℼ⅒ₘ⍚℻⅌ₑ⅁ₒ ⅍ₘ⍚ₙ⁙ⅎₒ⅐⍛℻ℿⅇ⍛℻ ⍏ ⍏ ⍏



Please Download DaiLand Tai font to view post.......

ဆက်ဖတ်ရန်......

Tuesday, September 2, 2008

စိုင်းကျိန်ဆိန်း.... ယ၊ပ်,ဂဝ်ွဂွပ်;တ၊င်းရှဂ့်

ဒီတစ်ပတ် Tai Artist ရဲ့ပရိတ်သတ်အတွက် တင်ဆက်မဲ့ သီချင်းကတော့ အဆိုတော် စိုင်းကျိန်ဆိန်းရဲ့ (၅)ခွေမြောက် စီးရီးဖြစ်တဲ့ "အချစ်မီး" တေးစီးရီးထဲက "အချစ်ကြောင့် စိတ်မောရတယ်" (ယ၊ပ်,ဂဝ်ွဂွပ်;တ၊င်းရှဂ့်) ဆိုတဲ့ သီချင်းပဲဖြစ်ပါတယ်.. ဒီသီချင်းကို အဆိုတော် စိုင်းကျိန်ဆိန်းက ၁၉၉၇ ခုနှစ်မှာ ခံစားရေးသား ခဲ့တာဖြစ်ပြီး ကိုယ့်ထက်ဘဝ အဆင့်အတန်းမြင့်မားတဲ့ ကောင်မလေးတစ်ယောက်ကို ချစ်မိတဲ့ ကောင်လေးတစ်ယောက်ရဲ့ ခံစားရတဲ့ ချစ်ဒုက္ခကို ပီပြင်အောင် ရေးဖွဲ့စပ်ဆိုခဲ့ပါတယ်...
ဒီသီချင်းကို ရှမ်းဗွီစီဒီအဖြစ် ဒါရိုက်တာ စိုင်းလှ(လျန်းဆိုင်ဖ)က သီချင်းစာသားလေးနဲ့ လိုက်ဖက်အောင် ကြက်တူရွေးပုံပြင်ကို အခြေခံပြီးတော့ စိတ်ကူးပုံဖော်ခဲ့ပါတယ်... VCD ရိုက်ကူးမှုနဲ့ပတ်သက်ပြီး ဒါရိုက်ဒါ စိုင်းလှနဲ့ စကားပြောဖြစ်ခဲ့ပါတယ်......
ဒါရိုက်တာ လျန်းဆိုင်ဖက...... " ဒီသီချင်းကို လွန်ခဲ့တဲ့ (၁၀)နှစ်ခန့်က စိုင်းကျိန်ဆိန်းက သူ့ရဲ့ပထမဆုံး စီးရီးခွေထဲမှာ ဆိုခဲ့ပါတယ်... သူဆိုပြီးတဲ့နောက် အဆိုတော် စိုင်းလျန်းပန်နဲ့ စိုင်းဟန်လျန်းတို့က ထပ်မံဆိုဖြစ် ပါတယ်... စိုင်းဟန်လျန်း သီဆိုမှုမှာ လူသိများသွားခဲ့ပြီး ကလေးလူကြီး ပါးစပ်ဖျားမှာ ရေပန်းစားခဲ့ပါတယ်... ကျွန်တော်ကတော့ အဲ့ဒီသီချင်းကို သူအရင်တခေါက် ပထမဆုံး စီးရီးဆိုကတည်းက ကြိုက်ခဲ့ပါတယ်.... အဲ့ဒီတုန်းက မိုင်းရှူးခေတ်ထနေတဲ့ အချိန်ပေါ့.... အခု ဗွီစီဒီရိုက်ဖြစ်တော့ အိုင်ဒီယာကို သေချာစဉ်းစား လိုက်တယ်... ကိုယ်အရင်က ကြိုက်ခဲ့တဲ့ သီချင်းဆိုတော့လေ.... အများနဲ့မတူ တမူထူးခြားပြီး ရိုက်ကြည့်ချင်တယ်... အဲ့ဒါနဲ့ "ဦးတန်းကေး" ဆိုင်ကို သွားလည်ရင်း "ကြက်တူရွေးပုံပြင်" ရှမ်းစာအုပ်လေးကို မြင်တော့ ဝယ်ဖတ်လိုက်မိတယ်.. ရှေးခေတ် ရှမ်းစာ (ပရပိုက်စာ)နဲ့ ရေးထားတော့ မနည်းဖတ် ကြည့်ရတယ်... ဇာတ်လမ်းကလည်း သီချင်းနဲ့ဆင်နေတယ်... အဲ့ဒါနဲ့ ဇာတ်ညွှန်းဆွဲပြီး ပင်လုံကို ဆင်းသွားတယ် ဆိုပါတော့.... ရိုက်ကူးရေးကတော့ လွိုင်လင် ဓါတ်တော်ကျောင်းကို ရွေးလိုက်တယ်... အဲ့ဒီမှာ ကျွန်တော့်သူငယ်ချင်း ပန်းချီ ပန်းပုဆရာ စိုင်းလောဝ်ရဲ့ ကနုတ်လက်ရာကိုလည်း မှတ်တမ်းတင် ပေးချင်တယ်လေ... ပလ္လင်လည်း သူ့ကိုပြန်ဆွဲ ခိုင်းလိုက်တယ်... မော်ဒယ်လေးတွေကလည်း လွိုင်လင်ကပါပဲ... ဝါသနာပါကြတော့ သင်ပေးရတာ လည်းမခက်တော့ဘူး... ခက်ခဲတာတစ်ခုကတော့ မော်ဒယ်ရွှေဂဲ (ကြက်တူရွေး)လေ... ကြက်တူရွေး လိမ္မာလေးကို လိုက်ရှာရတာ (၂)ရက်ကြာတယ်... ပိုင်ရှင်ကလည်း ကြည်ဖြူစွာပေးပါတယ်... ဒါပေမဲ့ ပျံသွားမှာစိုးလို့ အတောင်ပံညှပ် လိုက်ရတာကတော့ ချွင်းချက်တစ်ခုပေါ့... စိတ်ရှည်လက်ရှည် ကြိုးစားရိုက်တယ်... အားလုံးကလည်း ပင်ပန်းကြပါတယ်... ခုတော့ ပင်ပန်းရကျိုးနပ်သွားပါတယ်... သီချင်းနဲ့လည်း အရမ်းလိုက်ဖက် သွားတယ်လေ " .... လို့ ဒါရိုက်တာ လျန်းဆိုင်ဖက သူ့ရဲ့ ဖန်တီးခဲ့မှုလေးကို စိတ်ပါလက်ပါ ရှင်းပြခဲ့ပါတယ်....

ဒါရိုက်တာ လျန်းဆိုင်ဖရဲ့ စိတ်ကူးပုံရိပ်နဲ့ ပုံဖော်ထားတဲ့ စိုင်းကျိန်ဆိန်းရဲ့ (ယ၊ပ်,ဂဝ်ွဂွပ်;တ၊င်းရှဂ့်) ဗွီစီဒီသီချင်းလေးကို အားပေးကျေနပ် လိမ့်မယ်လို့ မျှော်လင့်ပါတယ်....

ဆက်ဖတ်ရန်......

Sunday, August 31, 2008

ခေ၊င်းင်္သင်းလိုခေ်းခမ်း..... ခမေ့်ခေးမ၊ဝ်း...



နန်းဆိုင်လင်းခမ်း ဆိုတာကတော့ ယခင် ရှမ်းအဆိုတော်တွေထဲ အလွန်နာမည်ကျော်ခဲ့သော တေးသံရှင် အမျိုးသမီးဖြစ်ပါတယ်... ယခုအချိန်ထိ သူ့ရဲ့သီချင်းလေးတွေက နားထောင်ရ အင်မတန်မှ နားဝင်ချိုဆဲပါပဲ... ယခုခေတ် လူငယ်တော်တော် များများတော့ သိချင်တဲ့သူလည်း သိကြမှာပါ... ခေတ်သစ် သံစဉ်တွေ ဘယ်လိုပဲ ပြောင်းပြောင်း ခေတ်ဟောင်းက တီးလုံးကို ကျော်လွန်လွှမ်းမိုး သွားတယ်လို့တော့ မရှိပါဘူး... New version နဲ့သာ ပြန်လည် တီးခတ်ပြီး သီဆိုကြတုန်းပါပဲ... စာသားလေးရဲ့ အဓိပ္ပါယ်ကလည်း အလွန်လေးနက်ပြီး ခံစားရအလွန် ကောင်းပါတယ် လို့ထင်ပါတယ်.... ဒါကြောင့် ရှမ်းမိသားစုများ (အထူးသဖြင့် အသက်ကြီးသူ မိဘ၊ ဦးလေး၊ အဒေါ်) များအဖို့ ရည်စူးပြီး တင်ပေးလိုက်တာပါ.... သီချင်းအားလုံး (၁၂)ပုဒ် ပါရှိပါတယ်... သီချင်းတစ်ပုဒ်ချင်းစီရဲ့ အမည်ကို မသိတော့တဲ့အတွက် တောင်းပန်ပါတယ်.... သိတဲ့သူများရှိခဲ့ရင်လည်း လမ်းညွှန်ပေးပို့ မေတ္တာရပ်ခံပါတယ်......



ဆက်ဖတ်ရန်......

Friday, August 22, 2008

Lao Noom Hom, ခွ်;လိုမ်းယူ,ဂေု;

သီချင်းအေးအေးလေးတွေနဲ့ လောဝ်နွမ်ဟွမ်ရဲ့ ခွ်;လိုမ်းယူ,ဂေု; (မေ့ချင်ပေမဲ့)

1. ရှူ့ရှခ်ေထိုင်င်လ;တ':
2. ဝူတ်;ပီ;ပှေ၊ဂ်,
3. ရှဂ့်ပေ'၊,လီဝ်ပေုးရှိုင်ယဝ့်
4. ခွ်;လိုမ်းယူ,ဂေု;
5. ငဝ်းရှိမ်းဂဝမ်
6. တေယူ,ဂွု,ဂေု့လီဝ်
7. ပွေင်းတိုဂ့်ရှဂ့်
8. မွခေ်းမွခေ်းတေ့ရှု့







ဆက်ဖတ်ရန်......

Saturday, August 16, 2008

စိုင်းဆိုင်စွမ်ဖရဲ့ .....ာဝ်ွထိုင်ရှိုခေ်းဂ၀်,

ဒီနေ့ခေတ် လူကြီးလူငယ် တော်တော်များများရဲ့ အားပေးမှုကို အထူးရယူထားပြီးဖြစ်တဲ့ နမ့်ခမ်းမြို့မှ အဆိုတော် စိုင်းဆိုင်စွမ်ဖရဲ့ နောက်ထပ် တေးအယ်ဘမ်ဖြစ်တဲ့ာဝ်ွထိုင်ရှိုခေ်းဂ၀်, [နေအိမ်ဟောင်းကိုလွမ်းတယ်]... ဆိုတဲ့ စီးရီးပဲဖြစ်ပါတယ်... ဒီစီးရီးကို တေးရေးဆရာ စိုင်းခမ်းလိတ်၊ ရှင်္င်းသိုဝ်င်္ခင်၊ စိုင်းဆိုင်စွမ်ဖနဲ့ စိုင်းလောဝ်ခွန်း တို့ကရေးသား ထားပါပြီး Metazone Studio မှာအသံသွင်းထား တာဖြစ်ပါတယ်... ဒီအခွေမှာ နန်းချိုယွမ့်ဝမ်း ကကူညီသီဆို အားဖြည့်ပေးထားပါသေးတယ်...









ဆက်ဖတ်ရန်......